Homeပြည်တွင်းသတင်းလွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦးအပါအဝင် ခြောက်ဦးပြန်လွတ်လာ

လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦးအပါအဝင် ခြောက်ဦးပြန်လွတ်လာ

၅ ဇွန်၊၂၀၂၄

ကယား(ကရင်နီပြည်)၊ လွိုင်ကော်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူတစ်ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း ခြောက်ဦး ဇွန်လ ၄ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်း သားများအစည်း အရုံး (KPPA) က ထုတ်ပြန်မှုအရ သိရပါတယ်။

သူတို့အားလုံးဟာ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ သိရပြီး လွတ်လာသူတွေထဲမှာ အသက် ၆၀ အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးနဲ့ တခြားအမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ ရသူ အသက် ၃၀ ကျော်အရွယ် အမျိုးသား ငါးဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေထဲက အမျိုးသားနှစ်ဦးကိုတော့ နေအိမ်တွေကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီး နောက်ထပ် ကျန်နေသေးသူတွေကိုလည်း နေအိမ်တွေကို ပို့ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအမှုနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ရာနီးပါး ကျန်ရှိနေသေးကြောင်းနဲ့ အကျဉ်းထောင်ဟာ တိုက်ပွဲဇုန်ထဲကျရောက်နေပြီး စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားသလို အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသား အရေး ကူညီပေးနေ သူတွေက ပြောပါတယ်။

နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၅၅၈ ဦး) ဖမ်းဆီးခံ ထားရဆဲဖြစ်ပြီး အဲဒီအထဲက လူကိုးထောင်ကျော် (၉၁၄၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

ဆက်စပ် သတင်းများ

Most read