Homeပြည်တွင်းသတင်းလုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဌာနဆိုင်ရာအသီးသီးက CDM ဝန်ထမ်းတွေကို စစ်ကောင်စီ ပြန်ခေါ်

လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဌာနဆိုင်ရာအသီးသီးက CDM ဝန်ထမ်းတွေကို စစ်ကောင်စီ ပြန်ခေါ်

၁၃ ဇူလိုင်၊၂၀၂၄

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဌာနဆိုင်ရာအသီးသီးက CDM ဝန်ထမ်းတွေကို အကြောင်းချင်းရာအပေါ် မူတည်ပြီး ပယ်ဖျက် ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီ က ထုတ်ပြန် ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံ့ဝန်ထမ်း အချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာ သွားကြ တဲ့အတွက် Black Lists စာရင်းအသွင်းခံ ခဲ့ရပြီး နိုင်ငံတော်အတွက် လူသားအရင်း အမြစ်ဆုံးရှုံး မှုတွေ ဖြစ်ပေါ်စေသလို ကာယကံရှင်တွေရဲ့ လူမှုဘဝတွေလည်း နစ်နာနေတယ်လို့ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

“ သူတို့ပြောတာ ကျွန်တော်တော့ မယုံဘူး ကျန်တဲ့ CDM ဝန်ထမ်းတွေလည်း မယုံဖို့ တိုက်တွန်းချင်တယ် သူတို့ ပြန်ခေါ်ချင်တယ်ဆိုရင် ဒီကိစ္စကကို အစောကတည်းလုပ်မှာပေါ့ အခုဟာက သူတို့တစ်ခုခု လုပ်ချင်လို့ ပြန်ခေါ်တာလို့ပဲ ကျွန်တာ်မြင်တယ်လို့ “ ပဲခူးတိုင်း မိုးညို မြို့နယ်မှ CDM ပြုလုပ်လာသူ ကျောင်းဆရာ တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

အစိုးရဝန်ထမ်းကနေ CDM လုပ်သွားလို့ အမည်မည်းစာရင်း(Black Lists)ပါနေသူတွေကို အကြောင်း ချင်းရာအပေါ် မူတည်ပြီး ပယ်ဖျက် ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီ ဆိုထားပြီး သက်ဆိုင်ရာဌာနတွေကို ဇူလိုင် ၁၅ ရက် ကစပြီး သတင်းပြန်ပို့ရမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက CDM တွေနဲ့ ပတ်သက်ရင် တင်းကျပ်တဲ့ မူဝါဒတွေ နဲ့ ကိုင်တွယ်ခဲ့ပေမယ့် စစ်ရေးရော အုပ်ချုပ်ရေးမှာပါ မတည်ငြိမ်မှုတွေဖြစ်လာလို့ အခုလိုဖြေလျှော့တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ချို့က သုံးသပ်ထားပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်သားတချို့အပါအဝင် ဌာနပေါင်းစုံက ဝန်ထမ်းတွေ CDM လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read