Homeပြည်တွင်းသတင်းလိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ စစ်ကောင်စီအမိန်းအတိုင်းလုပ်ရင် အရေးယူမယ်လို့ NUG ဆိုလာ

လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ စစ်ကောင်စီအမိန်းအတိုင်းလုပ်ရင် အရေးယူမယ်လို့ NUG ဆိုလာ

၂၀ စက်တင်ဘာ၊၂၀၂၄

ပြည်ပရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေရဲ့ ဝင်ငွေနဲ့ လိုအပ်နေတဲ့ နိုင်ငံခြားငွေ ဖြည့်ဆည်းနိုင်ရေးဆောင် ရွက်နေတဲ့ စစ်ကောင်စီရဲ့ အမိန့်တွေအတိုင်း ဆောင်ရွက်နေတဲ့ လိုင်စင်ရ ပြည်အလုပ်အကိုင်ရှာဖွေရေး အေဂျင် စီတွေကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက စက်တင် ဘာလ ၂၀ ရက် ဒီကနေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။

အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ တွေထဲက အနည်းဆုံး ၂၅ % ကို မိသားစုလွှဲပို့ငွေ အဖြစ် လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် သတ်မှတ် ထားတဲ့ဘဏ်နဲ့ ငွေကြေးဝန် ဆောင်မှုလုပ်ငန်း တွေ ကတဆင့် လွှဲပို့ရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အမိန့်အပေါ် လိုက်နာဆောင်ရွက်ချင်းမရှိကြဖို့ ကိုလည်း NUG ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုေတွမှာ တက်ကြွစွာ ပူးပေါင်းပါဝင်နေတဲ့ ပြည်ပရောက် မြန်မာတွေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ မြန်မာနိုင်ငံ သားတွေအပေါ် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးတွေက လုပ်ခလစာ ဖြတ်တောက်တာ နိုင်ငံကူးလက်မှတ်သက်တိုးခွင့် မပေးတာ စတဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်ကျူးလွန်လျက်ရှိသလို အထောက် အထား ပြည်စုံစွာတင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၁၃၅ ခု ကိုလည်း ၎င်းတို့ရဲ့စေလွှတ်ရေး လုပ်ငန်းစဉ် တွေကို ပိတ်ပင်အရေးယူထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေသည် တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပါ အေဂျင်စီများနှင့်အလုပ်သမားများ၏ တာဝန်များ၌ ပြဋ္ဌာန်းထားမှု မရှိကြောင်း ထုတ်ပြန်ထားတဲ့ အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်ဝတ်(Code of Conduct)တွင်လည်း အလုပ်သမား၏ ပြည်ပလစာငွေလွှဲပို့ခြင်း (မိသား စုလွှဲပို့ငွေ)နှင့်စပ်လျဉ်း၍ အေဂျင်စီများက ကြီးကြပ်ရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိမှု မရှိကြောင်း နဲ့ ၊ အေဂျင်စီနှင့် အလုပ်သမားတို့ ချုပ်ဆိုရသည့် စာချုပ်တွင် အလုပ်သမားရဲ့ ဆန္ဒမပါဘဲ မိသားစုလွှဲပို့ငွေ မဖြစ်မနေ လွှဲပို့ရမယ်လို့ ဖိအားပေး ထည့်သွင်းချုပ်ဆိုခိုင်းတာတွေဟာ မတရားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေသာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ဒါကြောင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ စစ်ကောင်စီရဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လိုက်နာဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မပြုကြဖို့နဲ့ ပြုလုပ်ခဲ့ပါက NUG အစိုးရအနေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ပုံစာ – ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများ
Photo – MOI

ဆက်စပ် သတင်းများ

Most read