Homeပြည်တွင်းသတင်းလားရှိုးမှာ TNLA နဲ့ စစ်ကောင်စီအကြားစစ်ရေးတင်းမာနေ၊ စစ်ဖြစ်လာနိုင်

လားရှိုးမှာ TNLA နဲ့ စစ်ကောင်စီအကြားစစ်ရေးတင်းမာနေ၊ စစ်ဖြစ်လာနိုင်

၁၄ ဇွန်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ ဇွန်လ ၁၃ ရက်နေ့က စစ်တပ် နဲ့ တအာင်းလွတ်မြောက်ရေးတပ် (TNLA) တို့အကြား စစ်ရေးတင်းမာမှုဖြစ်နေပြီး စစ်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိအချိန် လားရှိုးမြို့ပတ်ဝန်းကျင်းမှာ တအာင်းလွတ်မြောက်ရေးတပ် (TNLA) နဲ့ မဟာမိတ်အဖွဲ့တွေ ဆက်တိုက်လှုပ်ရှားမှုရှိနေပြီး မြို့ကို တဖြည်းဖြည်း ချည်းကပ်လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ထဲမှာတော့ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး လက်အောက်ခံပြည်သူ့စစ်တွေကိုပါ လက်နက်တပ်ဆင်ပေးထားတာမျိုးတွေရှိနေပါတယ်။

“စစ်တပ်က မြို့ထဲမှာ အင်အားဖြည့်နေတယ်။ TNLA ထိမ်းချုပ်ထားတဲ့ နမ္မတူနဲ့ နမ့်ဆန်မြို့နဲ့ ဆက်ထားတဲဲ့ လမ်းပိုင်းတွေကိုလည်း ပိတ်ချထားတဲ့ အခြေအနေဖြစ်ပါတယ်။”လို့ လားရှိုးဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။

“ကြားနေတာက ၀၆၁၅ စစ်ဆင်ရေးကို ပုံဖော်မယ်လို့ ကြားနေတာရှိပါတယ်။”လို့လည်း သူက ပြောပါတယ်။

လားရှိုးမြို့မှာ စစ်ဖြစ်လာနိုင်ခြေတွေကြောင့်လည်း မြို့ခံအချို့ကလည်း စစ်ရှောင်ဖို့ လားရှိုးကနေ ထွက်ခွာနေပြီလို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ဟာ စစ်တပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့လည်းဖြစ်ပါတယ်။

(ဓာတ်ပုံ – PSLF/TNLA)

ဆက်စပ် သတင်းများ

Most read