Homeပြည်တွင်းသတင်းရှမ်းမြောက် လားရှိုးမြို့မှာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်မယ့်သတင်းထွက်ပေါ်နေပြီး လုံခြုံရေးတင်းကြပ်ပြီး လမ်းတွေ ဖြတ်တောက်

ရှမ်းမြောက် လားရှိုးမြို့မှာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်မယ့်သတင်းထွက်ပေါ်နေပြီး လုံခြုံရေးတင်းကြပ်ပြီး လမ်းတွေ ဖြတ်တောက်

၁၆ ဇွန်၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုးမြို့မှာ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီကြား ဒီရက်ပိုင်းမှာ တိုက်ပွဲဖြစ် ပွားနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာ စစ်ကောင်စီဘက်က မြို့တွင်း လုံခြုံရေးတင်းကြပ်ထားပြီး လမ်းတွေကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့ ပတ်လည်က မြို့ အဝင်လမ်းတွေကို ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်ကစပြီး ဖြတ်တောက် ထားတယ်လို့သိရပါတယ်။ မိုင်းယော်က ဆင်းလာတဲ့လမ်းကို မြေကော်စက်နဲ့ တူးပြီး ဖြတ်တောက် ထားသ လို နမ္မတူ လမ်းကိုလည်း ဖြတ်တောက်ထားပါတယ်။

အီနိုင်းလမ်းက သွားလို့မရသလို ဟိုပိတ်လမ်းနဲ့ နမ့်ပေါင်လမ်းကိုလည်း ပိတ်လိုက်ပြီး လားရှိုးမြို့ကို ဝင်မယ့် လမ်းတွေ အကုန်ပိတ်ထားတာပါ။ တအာင်းလွတ်မြောက်ရေးတပ် (TNLA)တပ်သားတွေ လားရှိုး မြို့နားထိ ရောက်နေပြီလို့ သတင်းထွက်ပေါ်နေမှုကြောင့် စစ်ကောင်စီက မြို့တွင်း မြို့ပြင် အသွားအလာတွေကို အစစ် အဆေးထူထပ်နေပြီး လုံခြုံရေးလည်း တင်းကြပ်ထားပါတယ်။

မနက် ၆ ည ၆ ကာဖျူးအမိန့် ထုတ်ထားပြီး လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို ယူစစ်တာမျိုး ရှိနေပါ တယ်။ လားရှိုးဟာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး အခုအခါ ပြည်သူ့စစ် အဖွဲ့ဝင် တွေကိုလည်း စစ်ကောင်စီက လက်နက် တပ်ဆင်ပေးထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ဒရုန်းတွေနဲ့တိုက်ခိုက်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တအာင်းလွတ်မြောက် ရေးတပ် TNLA နဲ့ စစ်ရေးတင်းမာနေတဲ့ လားရှိုးမြို့မှာ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာတွေက စာရင်းကောက်ယူနေပြီး စာရင်းသွင်းထားတာ မရှိရင် သွားလာခွင့်ရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စာရင်းသွင်းထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို စမတ်ကတ်လိုမျိုး ကတ်တစ်ခု ထုတ်ပေးထားပြီး ဒီကတ်ပါမှ မြို့ထဲ သွားလာလို့ရတယ်လို့ သိရပါတယ်။ လားရှိုးမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကားမိုင်းခွဲတာ ၊ ဆိုင်ကယ်မှာ မိုင်းတပ်ဖောက်ခွဲတာတွေ ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တဲ့အတွက် တရားမဝင် ကားနဲ့ဆိုင်ကယ်တွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read