Homeပြည်တွင်းသတင်းရွှေဝါရောင်တော်လှန်ရေးစတင်ရာ ပခုက္ကူမြို့နယ်က သံဃာတော်တွေ ကံဆောင်သပိတ်မှာ ပါဝင်လာ

ရွှေဝါရောင်တော်လှန်ရေးစတင်ရာ ပခုက္ကူမြို့နယ်က သံဃာတော်တွေ ကံဆောင်သပိတ်မှာ ပါဝင်လာ

၂၉ ဇူလိုင်၊ ၂၀၂၄

ဇူလိုင်လ ၂၈ ရက်က ပခုက္ကူမြို့နယ်က သက်တော်ဝါတော်ရ ဆရာတော်၊ သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ပါတယ်။

ပခုက္ကူမြို့က သံဃာတော်တွေဟာ ၂၀၀၇ စက်တင်ဘာမှာ စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ပြီး ရွှေဝါရောင်တော်လှန်ရေးကို စတင်ခဲ့ပါတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီး ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလင်၊ မြင်းမူ၊ ရေဦး၊ ကနီ၊ မြောင် စတဲ့ မြို့နယ်တွေမှာ လည်းကောင်း၊ မကွေးတိုင်းမှာ မြိုင်၊ ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူနဲ့ ထီးလင်းမြို့နယ်တွေမှာလည်း ကောင်း၊ တနင်္သာရီတိုင်းမှာ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာလည်းကောင်း၊ မန္တလေးတိုင်းမှာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး စတဲ့ မြို့နယ်တွေမှာလည်းကောင်း ပြုလုပ်လာတဲ့အတွက် စုစုပေါင်း မြို့နယ် ၂၄ မြို့နယ်အထိ ရှိလာပြီ ဖြစ်ပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဇွန်လ ၁၉ ရက်မှာ နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့တဲ့အတွက် သံဃာတော်တွေက ဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read