Homeပြည်တွင်းသတင်းရဲတွေ သေနတ်ကိုလုပြီး ရဲတွေကိုပြန်သတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ထဲက ၂ ယောက် ရေးဘီလူး ဆီရောက်ပြီ

ရဲတွေ သေနတ်ကိုလုပြီး ရဲတွေကိုပြန်သတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ထဲက ၂ ယောက် ရေးဘီလူး ဆီရောက်ပြီ

၂ ဖေဖော်ဝါရီ၊ ၂၀၂၅

မွန်ပြည်နယ်၊ရေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁ ရက် မနက် ၉ နာရီခန့် အချုပ်ခန်းထမင်းပုံးပို့ချိန်မှာ အချုပ်သားတွေက ရဲတွေရဲ့ သေနတ်ကို လုယူပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီထွက်ပြေးလွတ်မြောက်တဲ့ အချုပ်သားတွေဟာ နိုင်ငံရေး ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ထွက်ပြေးလာတဲ့ ၂ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ကယ်တယ်ထားတယ်လို့ ဆိုပါတယ်။

“မွန်ပြည်နယ်ရေးမြို့နယ်ရေးမြို့မရဲစခန်းတွင်မတရားနိူင်ငံရေးဥပဒေပုဒ်မပြစ်မှုများကိုခေါင်းစဥ်တပ်ခံထားရသောအချုပ်သားများ ၁.၂.၂၀၂၅ နံနက် ၉ နာရီအချုပ်ခန်းထမင်းပုံးပို့ချိန်အချုပ်တံခါးကိုဆွဲဖွင့်ပီးအချုပ်စောင့်ရဲများနှင့်ပြန်လည်တိုက်ခိုက်ထွက်ပြေးလွတ်မြောက်လာသူတဦးကိုကျွန်ုပ်တို့ရေးဘီလူးတပ်ရင်း တပ်ခွဲ ၁ မှကယ်ယူခဲ့ပါသည်”လို့ ရေးဘီလူးက သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက် ညပိုင်းမှာပဲ ရေးဘီလူးစာမျက်နှာကနေ “၂.၂.၂၀၂၅ မွန်ပြည်နယ်ရေးမြို့နယ် ရေးမြို့မရဲစခန်းနိူင်ငံရေးပုဒ်မ ( ၅၂က၅၀ည )ပုဒ်မ/ ကြီးဖြင့်မတရားအနိူင်ကျင့်ခံထားရသောအချုပ်သားနောက်ထပ်တဦးကိုကျွန်ပ်တို့ ရေးဘီလူးတပ်ရင်း တပ်ခွဲး ၁ မှထပ်မံကယ်ထုပ်နိူင်ခဲ့ယခုချိန်ထိရေးဘီလူးတပ်ရင်း ရေးမြို့နယ်မြို့မှရဲစခန်းအချုပ်ဖောက်ရွေးရဲများနှင့်ပြန်လည်ခုခံတိုက်ခိုက်ထွက်ပြေးလာသော နိုင်ငံရေးအချုပ်သား၂ဦးကိုကယ်ထုပ်နိုင်ခဲ့ပါသည်။”လို့ကြေညာပါတယ်။

ပစ်ခတ်မှုကြောင့် ဒုရဲအုပ် နိုင်လွင်ဦး ရဲတပ် ကြပ်မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့မှာ အချုပ်ခန်းအတွင်း သေဆုံးခဲ့ရတဲ့အပြင် မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးမှာ ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ ရေးဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ရေးဘီလူး

ဆက်စပ် သတင်းများ

Most read