Homeပြည်တွင်းသတင်းရေတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ရဲ့နေရာမှာ ဗိုလ်ချုပ်ထိန်ဝင်းကို အစားထိုး ခန့်အပ်

ရေတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ရဲ့နေရာမှာ ဗိုလ်ချုပ်ထိန်ဝင်းကို အစားထိုး ခန့်အပ်

၁၅ ဇူလိုင်၊ ၂၀၄

နှုတ်ထွက်စာ တင်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နေရာမှာ ရေတပ်ဌာနချုပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ထိန်ဝင်းကို ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။

ရေတပ်မှာ အစဉ်အလာအရ ကာကွယ်ရေး ဦးစီးချုပ်မှူး(ရေ)လက်အောက်မှာ စစ်ဦးစီးအရာရှိချုပ်(ရေ) ရှိပါတယ်။ အခုအခြေအနေမှာ ဗိုလ်ချုပ်ထိန်ဝင်းဟာ စစ်ဦးစီးအရာရှိချုပ်ရာထူးကို မရသေးဘဲ ကာကွယ်ရေး ဦးစီးချုပ်မှူး(ရေ) အဖြစ်ကို ရာထူး တန်းပြီး တက်သွားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ထိန်ဝင်းဟာ ရန်ကုန်၊ သန်လျင် အခြေစိုက် အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်က ဌာနချုပ်မှူး ဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ရာထူးလက်ခံဖို့ သန်လျင်ကနေ နေပြည်တော်ကို တက်သွားတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ဦးစီးအရာရှိချုပ်(ရေ) နေရာက ရေတပ်ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မိုးအောင်လက်ထက်မှာ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နဲ့ အစားထိုးလိုက်ထဲက ၆ လ ကျော် လစ်လပ်နေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ထိန်ဝင်းကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ လေးယောက်မြောက် ရေတပ်ချုပ်အဖြစ် ခန့်အပ်လို က်တာနဲ့ တပြိုင်ထဲမှာ ရန်ကုန်အခြေစိုက် ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူးဟောင်း ဗိုလ်မှူးချုပ် အေးမင်း ထွေးကို စစ်ဦးစီးအရာရှိချုပ်(ရေ) အဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။

ရေတပ်ချုပ်ဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လက်ရှိမှာ ကာကွယ်ရေးဝန်ကြီး ဖြစ်ပြီး ဗိုလ်ချုပ်ကြီးမိုးအောင်က စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဝန်ကြီး ရာထူးနဲ့ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ အကြံပေးရာထူးကို ပူးတွဲတာဝန်ယူထားပါတယ်။

Photo- စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read