Homeပြည်တွင်းသတင်းရေကြီးနေတဲ့ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်က ရွာတွေကို စစ်ကောင်စီ လက်နက်ကြီး၊ ဒရုန်းသုံး တိုက်ခိုက်

ရေကြီးနေတဲ့ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်က ရွာတွေကို စစ်ကောင်စီ လက်နက်ကြီး၊ ဒရုန်းသုံး တိုက်ခိုက်

၁၉ ဩဂုတ်၊ ၂၀၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူးခရိုင်) အတွင်းက ရေဘေးကြုံနေတဲ့ မုန်းမြို့နယ်(မူးမြို့နယ်) နဲ့ ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်) တွေကို စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၊ ဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Karen National Union – KNU က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၅ ရက်မှာ အုတ်ဖျက်တပ်စခန်းက စစ်ကောင်စီတပ်တွေက ကြက်တက်ညောင်ပင်ရွာကို ဒရုန်းနဲ့ဗုံးကြဲတဲ့အတွက် လူ ၂ ဦး ဒဏ်ရာရပါတယ်။ ၁၅ ရက်နေ့မှာပဲ ခမရ- ၃၀၇ တပ်ရင်းက တလိုင်းခင်ကျေး ရွာကို ၁၂၂ မမ လက်နက်ကြီးတစ်လုံး၊ ခလရ – ၂၆၄ တပ်ရင်း ၁၂၂ မမနဲ့ ၁၂၀ မမ လက်နက်ကြီး နှစ်လုံးကို ယောက်သွားကုန်းကျေးရွာ၊ ငဇယ်အင်းနဲ့ ကညှင်ကြိုးကျေးရွာတို့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၃ ဦး ဒဏ် ရာရခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက် ညပိုင်းမှာ ခလရ ၂၆၄ တပ်ရင်းက ဒရုန်းသုံးပြီး ယောက်သွားကုန်းကျေးရွာကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ဩဂုတ် ၁၉ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုကို ခံနေရတဲ့အပြင် ရေကြီးနေတဲ့အတွက် ရေဘေး ပါကြုံနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ လယ်ဒိုနဲ့မူးမြို့နယ်တို့က ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီကလည်း ထုတ်ပြန်ထားပါတယ်။

Photo-KNU

ပုံစာ – ( KNU က ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံများ)

ဆက်စပ် သတင်းများ

Most read