Homeပြည်တွင်းသတင်းရိုဟင်ဂျာတွေအပေါ် လက်နက်ကိုင်တွေ တရားလက်လွတ်သတ်ဖြတ်မှုတွေပြုလုပ်နေတယ်လို့ HRW ထုတ်ပြန်

ရိုဟင်ဂျာတွေအပေါ် လက်နက်ကိုင်တွေ တရားလက်လွတ်သတ်ဖြတ်မှုတွေပြုလုပ်နေတယ်လို့ HRW ထုတ်ပြန်

၁၃ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် လက်နက်ကိုင်တပ် ဖွဲ့တွေက သတ်ဖြတ်မှုတွေနဲ့ ရက်စက်မှုတွေပြုလုပ်နေကြတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဩဂုတ် ၁၂ ရက်မှာ ုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ဟာ ရိုဟင်ဂျာတွေကို တရားလက်လွတ်သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ HRW ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေကို မျက်မြင်သက်သေတွေ၊ ဂြိုလ်တုမှတ်တမ်းအချက်အလက်တွေ၊ ဆေးမှတ်တမ်းတွေက နေစိစစ်ကောက်ယူပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအဓမ္မစစ်မှုထမ်းစေတာတွေကြောင့်လည်း ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြားတင်းမာမှုတွေကို ပိုပြီးဖြစ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် AA ကတော့ ရိုဟင်ဂျာတွေကို နှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို မပြုလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့ကို AA က သိမ်းဖို့ကြိုးစားတဲ့ ဖြစ်စဉ်မှာတော့ ရိုဟင်ဂျာ ၁ ထောင်ကျော်ဟာ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိဖို့လုပ်နေစဉ်မှာပဲ ဒရုန်းနဲ့ ဗုံးကျဲခံရလို့ ရိုဟင်ဂျာ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောဆိုထားပါတယ်။

ပုံစာ – ပြီးခဲ့သော အပတ်က နတ်မြစ်အနီးတွေ့ရသော ရိုဟင်ဂျာအလောင်းများ

ဆက်စပ် သတင်းများ

Most read