Homeပြည်တွင်းသတင်းရန်ကုန်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းပြီး "ကျွတ်မနေနဲ့ကြုံး" လှုပ်ရှားမှုလုပ်ဆောင်

ရန်ကုန်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းပြီး “ကျွတ်မနေနဲ့ကြုံး” လှုပ်ရှားမှုလုပ်ဆောင်

၁၆ အောက်တိုဘာ၊ ၂၀၂၄

စစ်အာဏာရှင် လက်အောက်က မလွတ်သေးတဲ့အတွက် သီတင်းကျွတ်မရှိဘဲ တိုက်ပွဲသာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရန်ကုန်မြေအောက်လူထုလှုပ်ရှားမှုအဖွဲ့လေးဖွဲ့ပေါင်းပြီး “ကျွတ်မနေနဲ့ ကြုံး” စာတန်းတွေ ချိတ်ဆွဲပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ ဖြစ်တဲ့ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Communityနဲ့ Linn Yaung Ni Youth Organization ( LYNYO) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေထဲက AJAY အဖွဲ့က ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ မမြမဉ္ဇူ နဲ့ မနှင်းအိခိုင်တို့ကို ရန်ကုန်မြို့ပေါ် လူထုလှုပ်ရှားမှုလုပ်ခဲ့တဲ့ စက်တင်ဘာ ၁၉ မှာ ဖမ်းဆီးခဲ့ပြီး AJAY အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ကိုရှိန်းဝေအောင်ကိုလည်း အောက်တိုဘာ ၉ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

ရန်ကုန်မြို့ပေါ်မှာ တက်ကြွလှုပ်ရှားသူတွေနဲ့မြေအောက်တော်လှန်ရေးသမားတွေကို စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးနေတဲ့ကြားက လူ ၈၀၀ လောက်ကို စစ်မှုထမ်းဖို့ အတင်းအကြပ်ဖိအားပေးခဲ့တဲ့ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်သူဝင်း (ခ) ရွှေမန်း နဲ့ သူ့လက်ထောက်ကို Golden Valley Warriors မြေအောက်အဖွဲ့က အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read