ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲအတွင်း ကျုးကျော်ရပ်ကွက်တခုက လူငယ် ၆ ဦးကို ဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်ခံလိုက်ရတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ဆီကနေ သိရပါတယ်။
အဲဒီလို ဖမ်းဆီးတာကို အောက်တိုဘာလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်မှာ မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်ထဲက ပျုစောထီးအဖွဲ့ဝင် ၅ ယောက် ကင်းလှည့်နေစဉ် မှာရပ်ကွက်ထဲ ငါးဖမ်းနေတဲ့ ယောကျ်ားလေး ၆ ဦးကို ထိုးကြိတ်ရိုက်နှက်ပြီး ဖမ်းခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူငယ် ၆ ဦးထဲက ၃ ဦးကို အသက်မပြည့်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၃ ဦးကိုတော့ စစ်သင်တန်းပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သူတွေဟာ မိသားစုကို တကြိမ်သာဆက်သွယ်လာပြီး သူတို့တွေ ပဲခူးတိုင်း၊ အုတ်တွင်းတပ်နယ်ကလေ့ကျင့်ရေးတပ်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ဆိုထားပါတယ်။


