Homeပြည်တွင်းသတင်းမြိုင်မြို့နယ်အတွင်း ရွာနှစ်ရွာကို စစ်ကောင်စီ မီးရှိ့ဖျက်ဆီး

မြိုင်မြို့နယ်အတွင်း ရွာနှစ်ရွာကို စစ်ကောင်စီ မီးရှိ့ဖျက်ဆီး

၁၉ ဇန်နဝါရီ၊ ၂၀၂၅

မြိုင်မြို့နယ်မြောက်ပိုင်း၊ ကန်နီရွာပျူစခန်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီရိက္ခာယာဉ်တန်းနဲ့ စစ်ကြောင်းက ဇန်နဝါရီလ ၁၈ ရက်၊ ညနေ ၆ နာရီ ၂၀မိနစ် ဝန်းကျင်မှာ ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁နာရီ ၄၅မိနစ်က ၂ နာရီခွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Mi35 ရဟတ်ယာဉ်တွေကို သုံးပြီး ကန်နီရွာနဲ့ ကျောင်းကုန်းရွာအနီးတဝိုက်ကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းက ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမျိုး မရှိကြောာင်း ဒေသခံတွေက ပြောပါတယ်။

ညနေ ၆နာရီ ၂၀မိနစ်မှာတော့ ကျောင်းကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကျောင်းကုန်းရွာနဲ့ လမ်းပဲ ခြားတဲ့ သံပုရာခြံရွာကိုလည်း ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီလက်ချက်ကြောင့် ကျောင်းကုန်းရွာက လူနေအိမ် နှစ်ဆယ်နဲ့ သံပုရာခြံရွာက လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတဲ့နောက်မှာတော့ လူနေအိမ်တွေမှာ ရှိနေသေးတဲ့သက်ကြီးရွယ်အိုဘိုးဘွားတွေကို ဒေသခံတော်လှန်ရေးရဲဘော်တွေက လိုက်ပြီး ကယ်ထုတ်ပေးရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – We Love Myaing

ဆက်စပ် သတင်းများ

Most read