၂၉ ဩဂုတ်၊ ၂၀၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က Dong Mei ကျားဖြန့်လုပ်ငန်းမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား (၂၁) ဦး ဩဂုတ်လ ၂၇ ရက်မှာ လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန် ကြေညာပါတယ်။
တခြား ၆ ဦးမှာလည်း ဩဂုတ်လ ၁၂ ရက်မှာ ၁ ဦး နဲ့ ဩဂုတ် ၂၀ ရက်တို့မှာ ၆ ဦးတို့ လွတ်မြောက်ခဲ့ တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Dong Mei ကျားဖြန့်လုပ်ငန်းရှိရာ ခြံဝန်းကနေ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ဇူလိုင်လ ၆ ရက်ကနေ အခုချိန်ထိ ၅၇ ဦး ဘေးကင်းစွာ ကယ်ထုတ်နိုင်ပြီး ဖြစ်တယ်လို့ ကြေညာပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားပြီး မြဝတီမြို့မှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ ထွက်ခွာဖို့ မြဝတီမြို့ BGF စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေက အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံအထိ ငွေလိမ် ခဲ့ကြပြီး ဒီထဲက ဒေါ်လာ ၃၉ ဘီလီယံကို မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာ အခြေစိုက် တဲ့ ငွေလိမ်ဂိုဏ်းတွေက လိမ်ယူခဲ့တာဖြစ်ကြောင်း USIP က ဩဂုတ်လ ၂၁ ရက်က ရေးသားဖော်ပြ ထားပါတယ်။
၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ကုလစစ်တမ်းအရ မြန်မာနိုင်ငံမှာ အတင်းအဓမ္မခိုင်းစေခံထားရတဲ့ အွန်လိုင်းငွေကြေးလိမ်လည်သူ ၁၂၀၀၀၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး ရောက်လာသူတွေထဲ အာရှနိုင်ငံတွေသာမက အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံသားတွေပါ ပါဝင်နေတယ်လို့ UN က ဖော်ပြပါတယ်။
ပုံစာ-( ဩဂုတ်လ ၁၂ ရက်နဲ့ ၂၇ ရက်မှာ မြဝတီမြို့နယ် Dong Mei ကျားဖြန့်ဂိုဏ်းက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသားများ )
Photo – India in Myanmar (Embassy of India, Yangon)