Homeပြည်တွင်းသတင်းမြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ထုတ်ပြန်

မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ထုတ်ပြန်

၂၅ ဇွန်၊၂၀၂၄

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ခန့်မှန်းလူဦးရေ ထုတ်ပြန်ချက် အရ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိတဲ့ အနက် ၄၂ သန်း (၇၅) ရာခိုင်နှုန်းသော ပြည်သူတွေဟာ ဆင်းရဲမွေးတေမှုနဲ့ ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP Myanmar က ဇွန်လ ၂၄ ရက်နေ့က ထုန်ပြန်ထားပါတယ်။

ဆင်းရဲမွေးတေမှု ၇၅ ရာခိုင်နှုန်းကို ရောက်ရှိသွားခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလ အတွင်း လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့်ဖြစ်တယ်လို့ UNDP က ထောက်ပြထားပါတယ်။

ဒီအပြင် လူပေါင်း ၁၃ သန်းကျော်ကလည်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရကြောင်းနဲ့

အာဏာသိမ်းနောက်ဆက်တွဲအဖြစ် နိုင်ငံတကာက အကူအညီတွေ ဖြတ်တောက်ခံရတဲ့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အကူအညီတွေလည်း ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်လို့ UNDP က ဖော်ပြပါတယ်။

ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံအတွက် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးတာဖြစ် တယ်လို့လည်း UNDP ကဆိုပါတယ်။

UNDP ကတော့ ၂၀၂၅ နှစ်ကုန်အထိ မြန်မာနိုင်ငံက လူပေါင်းရှစ်သန်းအထိ အကူအညီပေး ရေးလုပ်ငန်း တွေလုပ်ဖို့ ရည်မှန်းထားပြီး လယ်ယာကဏ္ဏကို ဦးစားပေးမြှင့်တင်မယ်လို့ ပြောထားပါတယ်။

ဆက်စပ် သတင်းများ

Most read