Homeပြည်တွင်းသတင်းမြန်မာရေဘေးအတွက် ယူရိုငွေ. ၁.၂သန်း ဥရောပသမဂ္ဂက ကနဦးထောက်ပံ့ကူညီ

မြန်မာရေဘေးအတွက် ယူရိုငွေ. ၁.၂သန်း ဥရောပသမဂ္ဂက ကနဦးထောက်ပံ့ကူညီ

၁၉ စက်တင်ဘာ၊ ၂၀၂၄

ရာဂီမုန်တိုင်း ဒဏ်ကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံက ရေဘေးသင့်နေရာတွေကို လတ်တလောမှာ ယူရိုငွေ. ၁.၂သန်း ကူ ညီသွားမယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာ နိုင်ငံက ရေဘေးသင့်ပြည်သူများနဲ့မိသားစုဝင်များနဲ့ အ တူရှိနေပြီး ဝမ်းနည်းကြေကွဲရပါကြောင်းလည်း ဥရောပသမဂ္ဂရဲ့ မြန်မာဆိုင်ရာ ရုံးကထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီဆောင်ရွက်မှုအဖြစ်အရေးပေါ်အကူအညီယူရှိငွေ၁.၂မီလီယံ ကောက်ခံရရှိခဲ့ပြီး အထောက်အပံ့ပေးရန်အသင့်ဖြစ်နေပြီး အလိုအပ်ဆုံးသောသူတွေဆီပို ရောက်ရှိစေဖို့နောက်ထပ်သေချာတဲ့ ရန် ပုံငွေများရရှိဖို့ မိတ်ဖက်တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read