Homeပြည်တွင်းသတင်းမြန်မာပြည်သူတွေ သေဆုံးနေမှုအပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ ဗြိတိသျှသံရုံး ထုတ်ပြန်

မြန်မာပြည်သူတွေ သေဆုံးနေမှုအပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ ဗြိတိသျှသံရုံး ထုတ်ပြန်

၅ ဇွန်၊၂၀၂၄

မြန်မာနိုင်ငံအတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေပိုများတာကြောင်း သတင်းအစီရင်ခံစာတွေ ကြားသိရတဲ့ အတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိတယ်လို့ ရန်ကုန်အခြေဆိုက် ဗြိတိသျှသံရုံးက ထုတ်ပြန်အသိ ပေးလာပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်တဲ့ သက်ဖြတ်မှုတွေမှာလည်း ထိခိုက်ကျန်ရစ်သူ မိသားစုဝင်တွေအတွက်လည်း ၎င်းတို့အနေနဲ့ သတိတရ ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငငံတစ်ဝန်းလုံးမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သားပြည်သူတွေ အကြမ်းဖက်မှုတွေကျုး လွန်ခံနေရတာတွေကို သိရှိခဲ့ရပြီးဖြစ်ကြောင်း ၎င်းတို့အနေနဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ပေး ရမှာ ဖြစ်သလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်သူတွေအနေနဲ့လည်း တာဝန်ခံရမှာဖြစ်တယ်လို့ ထုတ် ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားမှုအရ စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ဝ၂၄ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၃ဝ ရက်နေ့ အထိ နိုင်ငံတစ်ဝန်း အရပ်သားတစ်ရာကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ဝ ဦးနဲ့ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက သေဆုံးသူ ၂၂ ဦးနဲ့ အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၅၂ ဦးသေဆုံးပြီး ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၁၃ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ သေဆုံးသူတွေရဲ့ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာလို့ AAPP က ထုတ်ပြန် ထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်နေ့ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်မှာ အများဆုံးဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read