Homeပြည်တွင်းသတင်းမြန်မာပြည်က စီးပွားရေးလုပ်ငန်း အများအပြား ထိုင်းကို ရွေ့ပြောင်းနေ

မြန်မာပြည်က စီးပွားရေးလုပ်ငန်း အများအပြား ထိုင်းကို ရွေ့ပြောင်းနေ

၁၀ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းအများအပြားဟာ ထိုင်နိုင်ငံမှာ ပြောင်းရွေ့လုပ်ကိုင်လာကြတယ်လို့ နစ်ကိုင်းအေးရှ က သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားအများအပြားရွေ့ပြောင်းလုပ်သားအဖြစ်ရော၊ ဒုက္ခသည်အနေနဲ့ ရော အများအပြားရောက်ရှိခိုလှုံနေကြပြီးဖြစ်ပါတယ်။ ဒီလပိုင်းတွေမှာတော့ စီးပွားရေးလုပ်ငန်း အများအပြားဟာ ထိုင်းကို ရွေ့ပြောင်းလာကြတာ့ဖြစ်ပါတယ်။

“မြန်မာနိုင်ငံအခြေအနေက စီးပွားရေးလုပ်ဖို့က ဘယ်လိုမှ အဆင်ပြေတော့ဘူးလေ၊ ငွေကြေးမတည်ငြိမ်မှုတွေရော၊ စစ်တပ်က ထင်တိုင်းထထ လုပ်နေတာတွေ၊ အမျိုးမျိုး ပေါ်လစီတွေ ကို မငြိမ်မသက်လုပ်နေတာတွေ၊ စစ်ဖြစ်နေတာတွေကြောင့် ထိုင်းမှာ ပဲ စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။”လို့ ထိုင်းမှာ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် တဦးက New Day Myanmar ကိုပြောပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးရှိတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ မြန်မာနဲ့ နယ်နမိတ်ခြင်းထိစပ်နေတာကြောင့် ထိုင်းမှာ ရှိတဲ့ တရားဝင်ရော၊ တရားမဝင်ပါ ရှိနေတဲ့ ရွေ့ပြောင်း ၅ သန်းထဲမှာ မြန်မာတွေအများဆုံးရှိနေတာဖြစ်ပါတယ်။

ပုံ – koleovlog (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်းက မြန်မာစားသောက်ဆိုင်တဆိုင်)

ဆက်စပ် သတင်းများ

Most read