Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုများလာပြီး ပြည်သူလူထုပိုပြီး ထိခိုက်နေရ

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုများလာပြီး ပြည်သူလူထုပိုပြီး ထိခိုက်နေရ

၂၃ ဇန်နဝါရီ၊ ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်က စလို့ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားစွာဖြစ်ပေါ်နေတယ်လို့ မစ္စ ဂျူလီ ဘိရှော့ပ်က အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွမ်းနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွမ်း နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီ ဘိရှော့ပ် တို့ ဇန်နဝါရီ ၂၁ ရက်နေ့မှာတွေ့ဆုံပြီးမြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာ့အရေးအာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုထိရောက်ဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးရေး ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ လည်းဆွေးနွေးခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ တိုက်တွန်းထားပြီး ဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော်တဲ့ အတွက် စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်ပိတ်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read