Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရင် ကောင်းလာစရာ မရှိဘူးလို့ IRI စစ်တမ်းမှာ ဖော်ပြ

မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရင် ကောင်းလာစရာ မရှိဘူးလို့ IRI စစ်တမ်းမှာ ဖော်ပြ

၂၀ ဇူလိုင်၊ ၂၀၂၄

မြန်မာနိုင်ငံဟာ မှားယွင်းတဲ့ လမ်းပေါ်မှာ ရောက်နေပြီလို့ မြန်မာပြည်သူတွေ ယုံကြည်နေကြပြီး ဒီမိုကရေစီစနစ်နဲ့ ပြန်သွားဖို့ ကိုမျှော်လင့်နေကြတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် International Republican Institute (IRI) ရဲ့ စစ်တမ်းတရပ်မှာဖော်ပြလိုက်ပါတယ်။

အဲ့ဒီစစ်တမ်းအရ ဖြေကြားသူ မြန်မာပြည်သူတွေရဲ့ ၆၂ ရာခိုင်နှုန်းက မြန်မာပြည်ဟာ မှားယွင်းတဲ့ အခြေအနေမှာရှိနေပြီး ဖြေဆိုသူ ၂၄ ရာခိုင်နှုန်းကတော့ လမ်းမှန်တယ်လို့ ဖြေကြားထားပါတယ်။ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး စစ်တမ်းဖြေဆိုသူ ၆၈ ရာခိုင်နှုန်းက လက်မခံကြဘူးလို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံသားအများစုကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အတော်စိတ်ပျက်နေကြပါတယ်။ ဒီနှစ်တွေအတွင်း လူ့အခွင့်အရေးဆုံးရှုံးတာတွေအပြင် စီးပွားရေးကလည်း ပိုပြီး ခက်ခဲကြပ်တည်းနေကြပါတယ်။”လို့ IRI ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Rhonda Mays က ပြောပါတယ်။

“သူတို့ ကတော့ စစ်တပ် ဆက်အုပ်ချုပ်မယ်ဆိုရင် တိုင်းပြည်က ပိုဆိုးလာပြီး နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဘာတိုးတက်မှုမှရှိမှာ မဟုတ်ဘူးလို့ ယုံထားကြပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

စစ်တမ်းထဲမှာတော့ ဒီမိုကရေစီစနစ်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်တယ်လို့ အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ ၅၇ ရာခိုင်နှုန်းကတော့ အသစ်ပေါ်ပေါက်လာမယ့် ဖက်ဒရယ်စနစ်က အကောင်းဆုံးလို့ ပြောဆိုကြပါတယ်။

သူတို့ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီစနစ်ကိုလိုလားကြပြီး အဲ့ဒီစနစ်နဲ့ အကိုက်ညီဆုံးဖြစ်တယ်လို့ Rhonda Mays ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က အမျိုးမျိုးသော အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ် ရက်ဆက်ကျူးလွန်နေတာဖြစ်ပါတယ်။

Photo – New York Times

ဆက်စပ် သတင်းများ

Most read