Homeပြည်တွင်းသတင်းမြန်မာနိုင်ငံတွင် နေရပ်ရွှေ့ပြောင်းနေသူ သုံးသန်းကျော် ရှိနေပြီဟု UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် နေရပ်ရွှေ့ပြောင်းနေသူ သုံးသန်းကျော် ရှိနေပြီဟု UNOCHA ထုတ်ပြန်

၂ ဇူလိုင် ၊၂၀၂၄

မြန်မာနိုင်ငံမှာ နေရပ်ရွှေ့ပြောင်းနေသူ သုံးသန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၁ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရ ပဋ္ဌိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရတာ တွေ့ရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ နေရပ်စွန့်ခွာနေရသူ ဒုက္ခသည်တွေဟာ မိုးရာသီအတွင်း ရာသီဥတုဒဏ်ခံနေရပြီး ခက်ခဲတဲ့ အခြေအနေမှာ နေထိုင်နေရတယ်လို့ UNOCHA ကပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံရတဲ့ ဇွန်လအတွင်းမှာ ဖြစ်ပြီး ဒုက္ခသည်တွေကို ကူညီနေသူတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပစ္စည်းတွေကို အကာအကွယ်ပေးနိုင်ရေး စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

၂၀၂၄ ခုနှစ် မေလနှောင်းပိုင်းကစပြီး WFP အဖွဲ့ မောင်တောဘက်ကို ဝင်ထွက်သွားလာခွင့် မရတော့ဘဲ ဒုက္ခသည်တွေ အတွက် အကူအညီပေးရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ – AP

ဆက်စပ် သတင်းများ

Most read