Homeပြည်တွင်းသတင်းမြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် ရေလမ်းကိုပိုမိုအသုံးပြုလာတဲ့ ထိုင်း-မြန်မာကုန်သွယ်ရေး

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် ရေလမ်းကိုပိုမိုအသုံးပြုလာတဲ့ ထိုင်း-မြန်မာကုန်သွယ်ရေး

၁၈ ဇူလိုင် ၂၀၂၄

ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ကုန်းလမ်းအစား ရေလမ်းအသုံးပြုပို့ဆောင်မှုကို ပိုမိုအသုံးလာတဲ့အတွက် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဆိပ်ကမ်းမှာ ကုန်အဝင်အထွက် ပိုမိုများပြားလာတယ်လို့ ဘန်ကောက်ပို့စ်ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိ‌မှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနဲ့ စစ်အုပ်ချုပ်မှုကိုဆန့်ကျင်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်းလမ်းအသုံးပြု ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားတဲ့အတွက် အခုလို ရေလမ်းအသုံးပြုမှုပိုမိုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။

“ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်လာရင်တော့ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံနဲ့ အန်ဒမန်ပင်လယ်ကိုဆက်သွယ်သွားလာနိုင်ဖို့ တံတားစီမံကိန်းဟာ ဒီလမ်းတွေ ဖွင့်မဖွင့်အပေါ်အများကြီးမူတည်နေပါတယ်။ လက်ရှိမှာတော့ ရနောင်းမြို့ဆိပ်ကမ်းမှာ မြန်မာနိုင်ငံက ကုန်တွေကိုပိုလက်ခံနိုင်ဖို့စီစဉ်ထားပါတယ်” လို့ ထိုင်းနိုင်ငံလမ်းပန်းဆက်သွယ်ရေးဝန်ကြီး မနာပွန် ချာရွန်ဆရီက ပြောပါတယ်။

ထိုင်းနိုင်ငံကလက်ရှိမှာ လုပ်ဆောင်နေတဲ့တံတားစီမံကိန်းဟာ ထိုင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းအစိုးရကနေ ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး အဲဒီတံတားစီမံကိန်းပြီးသွားရင် ဒေသတွင်း GDP ၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့မျှော်မှန်းထားပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကြောင့် တံတားတစ်လျှောက်က ဒေသတွေရဲ့စီးပွားရေးတွေ ပိုမိုတိုးတက်လာကာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါများလာပြီး အနာဂတ်မှာ ထိုင်းနိုင်ငံဟာ ပင်လယ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ကဏ္ဍမှာရှိလာမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read