Homeပြည်တွင်းသတင်းမြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို မူးယစ်ဆေးတွေပိုမိုဝင်ရောက်လာ

မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို မူးယစ်ဆေးတွေပိုမိုဝင်ရောက်လာ

၄ အောက်တိုဘာ ၊ ၂၀၂၄

မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကိုမူးယစ်ဆေးဝင်ရောက်မှုပိုမိုများပြားလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနကဖော်ပြလာပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံတွင်းကို မယ်သာဖယ်တမင်းနဲ့ဟီးရိုးအင်းလိုမူးယစ်ဆေးတွေ ပိုမိုဝင်ရောက်လာတယ်လို့ သိရပါတယ်။

“ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လူကုန်ကူးမှုတွေနဲ့အတူ မူးယစ်ဆေးတွေဝင်ရောက်မှုဟာ ဆက်လက်ရှိနေဆဲပါ။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒီမူးယစ်ဆေးပြဿနာဟာပိုမိုကြီးထွားလာတာပါ။ လက်နက်တွေ ပိုမိုဝယ်ယူနိုင်ဖို့အတွက် မူးယစ်ဆေးတွေပိုမိုရောင်းလာကြတာမျိုးပေါ့” လို့ Office of the Narcotics Control Board (ONCB) ရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး အပီကစ်က ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဘာမှတ်ချက်မှမပေးဘူးလို့လည်း ဘန်ကောက်ပို့စ်ကဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်ကောင်စီကအာဏာသိမ်းခဲ့ပြီးနောက် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကာ နောက်ဆက်တွဲအနေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေသုံးသပ်ချက်အရ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရေးကိုအကြီးအကျယ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read