၂၅ နိုဝင်ဘာ ၂၀၂၅
မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်အသက် ၉၀ နှစ်ဟာ ဒီကနေ့ မနက် ၅ နာရီ ၅၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ဖြမိသားစုဝင်တွေဆီက သိရပါတယ်။
ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ ရန်ကုန်ရှိ သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ ၃ နာရီအချိန် ရေဝေးသုဿန်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ မိသားစုက အသိပေးထားပါတယ်။
ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ ၂၀၂၅ခုနှစ် ဇန်န ဝါရီလကတည်းကနေအိမ်မှာ ချော်လဲကာ လည်ပင်းနောက်ပိုင်း ကျောရိုး ကျိုးသွားခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူထားရပြီးဝေဒနာ ခံစားခံရပြီး ကွယ်လွန်သွားရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကွယ်လွန်သွားသော မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် အသက် (၉၀)နှစ်၏ ကျန်ရစ်သောရုပ်အလောင်းကို သာကေတမြို့နယ် နေအိမ်မှာ cool box နဲ့ထားရှိရာမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) နာယကကြီး ဒေါ်သန်းမြင့်အောင်နဲ့ အဖွဲ့ကသွားရောက်ကူညီပေးခဲ့ကြပါတယ်။


