Homeပြည်တွင်းသတင်းမြန်မာစစ်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးလမ်းစဥ်ကို ရွေးခြယ်ဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာစစ်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးလမ်းစဥ်ကို ရွေးခြယ်ဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

၂၇ ဇူလိုင်၊ ၂၀၂၄


၅၇ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်း က မြန်မာစစ်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးလမ်းစဥ်ကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လာအိုမှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးထိပ်သီးအစည်းအဝေးကို ဂျပန်၊ရုရှား၊အီးယူ၊တရုတ်၊နဲ့ အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေး ၀န်ကြီးတွေပါ တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။
“ပဋိပက္ခတွေကြောင့် တည်ငြိမ်မှု၊ လုံခြုံမှုမရှိဘဲ သေကျေပျက်စီးကုန်တာကို ကျွန်မတို့တတွေ မြင်နေရတယ်။ အာဏာသိမ်းတာဟာ စစ်တပ်အတွက်ကော ပြည်သူတွေအတွက်ကော မကောင်းပါဘူး။
ကျွန်မတို့တိုက်တွန်းချင် တာ က ဒီနည်းလမ်းနဲ့ မဖြေရှင်းဘဲ အာဆီယံဘုံသဘောတူညီမှု ငြိမ်းချမ်းရေးလမ်းစဥ် ၅ရပ်ကို မြန်မာ စစ်ခေါင်းဆောင်တွေ သေချာလိုက်နာဆုံးဖြတ်စေချင်ပါတယ်” လို့ ပန်နီဝေါင်းက သတင်းထောက် တွေကို ပြောကြားပါတယ်။
စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းက အင်အားသုံး တိုက်ခိုက်တာကြောင့် မြန်မာပြည်သူ ၂.၆သန်းဟာ တိုက်ပွဲဒေသတွေက ထွက်ပြေးနေရပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့ငြိမ်းချမ်းရေး အတွက် အားထုတ် ကြိုးပမ်းနေမှုတွေကို လျစ်လျူရှုပြီး အာဏာဖက် တွယ်ထားတယ်လို့ ဝေါင်းကဆိုပါတယ်။
လာအိုမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့ပြည်တွင်းရေးအတွက် အမေရိကန်နိုင်ငံရေးဝန် ကြီး အန်ထော်နီဘလင်ကန်နဲ့ တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ၀မ်ယိတို့ သီးခြားဆွေးနွေးသွားမယ်လို့ သိရပါ တယ်။

ဆက်စပ် သတင်းများ

Most read