Homeပြည်တွင်းသတင်းမြန်မာစစ်ကောင်စီကို ICC ထံ လွှဲပြောင်းဖို့ Fortify Rights က ILO ထံ တောင်းဆို

မြန်မာစစ်ကောင်စီကို ICC ထံ လွှဲပြောင်းဖို့ Fortify Rights က ILO ထံ တောင်းဆို

ဇွန်၊ ၂၀၂၅

မြန်မာစစ်ကောင်စီက အလုပ်သမားတွေကို အတင်းအကျပ်စေခိုင်းတာ၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူတာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်နေတာကြောင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အနေနဲ့အရေးယူဖို့ Fortify Rights က တောင်းဆိုလိုက်ပါတယ်။

ဒီလို ချိုးဖောက်မှုတွေပြုလုပ်နေတာကြောင့် ILO အနေနဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ဆီကို လွှဲပြောင်းဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ILO ရဲ့ ၁၁၃ ကြိမ်မြောက် အလုပ်သမားညီလာခံကို ဇွန် ၂ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စတင်ကျင်းပနေချိန်မှာပဲ ILO ညွှန်ကြားရေးမှူးချုပ် Gilbert Houngbo ထံကို Fortify Rights က စာပေးပို့ခဲ့တာဖြစ်ပါတယ်။

Fortify Rights ရဲ့ Senior Advocate ဖြစ်တဲ့ Patrick Phongsathorn က “မြန်မာစစ်ကောင်စီဟာ အလုပ်သမားအခြေခံအခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်နေတာမို့ ILO အဖွဲ့ဝင်နိုင်ငံတွေက အရေးယူဖို့ အချိန်ရောက်ပြီ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လထုတ် ILO စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်ကောင်စီက အလုပ်သမားသမဂ္ဂဝင်တွေကို ဖမ်းဆီးခြင်း၊ ဖိနှိပ်ခြင်းနဲ့ လုပ်ငန်းခွင်မှာ ညှင်းပန်းခြင်းတွေ ပြုလုပ်နေတာ၊ စစ်ဆင်ရေးတွေမှာလည်း လူသားဒိုင်းအပါအဝင် အဓမ္မစေခိုင်းမှုတွေရှိနေတာ ဖော်ပြထားပါတယ်။

Fortify Rights က ICC လွှဲပြောင်းရေးအပြင် စစ်ကောင်စီကို ပစ်မှတ်ထားပြီး ပိတ်ဆို့ရေးယူမှုတွေ၊ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုသဘောတူညီချက်ဆိုင်းငံ့တာ၊ ပြည်ပမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ လူ့အခွင့်အရေးဖွဲ့အစည်းတွေကို ပံ့ပိုးတာ၊ စစ်အစိုးရကိုယ်စားလှယ်တွေအားလုံးကို ILO အသိအမှတ်မပြုဖို့နဲ့ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ အချက် ၆ ခုကိုတောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read