ထိုင်း – မြန်မာ်စပ် မဲဆောက်မြို့မှာ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့သေနတ်သမားတစ်ဦးကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
မေလ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ စည်ပင် ရုံးအနီးမှာ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ သေနတ်သမား ၁ ဦးက ထွက်ပြေး ပုန်းအောင်းခဲ့ပြီး ယင်းနေရာကို ထိုင်းရဲနှင့်စစ်တပ်က ပိတ်ဆို့ ရှာဖွေမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့ စည်ပင်ရုံးအနီးရှိ ဆီဆိုင်က အလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့ က ကယ်ထုတ်ခဲ့ပြီး အဆိုပါပတ်ဝန်း ကျင်တစ်ခုလုံးကို ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက် သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူအများစု၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုနေထိုင်ကြတဲ့အပြင် KNU နဲ့ ဆက်နွယ်တဲ့ ကရင်တိုင်းရင်းသားအများအပြား လည်း နေထိုင်ကြတာလည်းဖြစ်ပါတယ်။