Homeပြည်တွင်းသတင်းမောင်တောမြို့နယ်က စစ်ဘေးရှောင်တွေအတွက် အထောက်အပံ့နဲ့ဆေးဝါးတွေ ကူညီကြဖို့ AA အရေးပေါ် တောင်းဆို

မောင်တောမြို့နယ်က စစ်ဘေးရှောင်တွေအတွက် အထောက်အပံ့နဲ့ဆေးဝါးတွေ ကူညီကြဖို့ AA အရေးပေါ် တောင်းဆို

၁၆ ဩဂုတ်၊ ၂၀၂၄

မောင်တောမြို့နဲ့ အနီးပတ်ဝန်းကျင်က စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် အထောက်အပံ့တွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

မောင်တောမြို့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်း ရက္ခိုင့်တပ်မတော် (AA)က မောင်တောမြို့နဲ့အနီးတဝိုက်မှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို တိုက်ပွဲက ဘေးကင်းရာကို ရွှေ့ပြောင်းပေးဖို့ ကူညီဆောင်ရွက်နေပြီး မောင် တောဒေသတဝိုက်မှာ နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူပေါင်း ၂၀၀၀၀ ဝန်းကျင်ထိ ရှိနေပြီလို့ ကြေညာပါ တယ်။

အခုအချိန်ဟာ မိုးရာသီဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ပိုများနေပါတယ်။ ရခိုင်ပြည်နယ်ဟာ အရင်ထဲက ရေကြီးရေလျှံမှုတွေကြောင့် သောက်သုံးရေ ညစ်ညမ်းပြီး ရောဂါ ဖြစ်ပွားမှုတွေ ရှိပါတယ်။

အခု မောင်တောမြို့နယ်ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်တက်လာခဲ့ပြီး သေဆုံးသူ ငါးဦးအထိရှိနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

AA က လူမျိုးမရွေး ဘာသာမရွေး သုံးနိုင်တဲ့ ဆေးဝါးတွေကို အသုံးပြုပြီး ဒေသခံပြည်သူတွေကို ဆေးဝါး ကုသပေးနေပေမဲ့ တိုက်ပွဲတွေနဲ့ ရေကြီးရေလျှံမှုတွေ တပြိုင်နက်တည်း ဖြစ်နေတာကြောင့် ဝမ်းပျက်ဝမ်း လျှောရောဂါနဲ့ ဆက်စပ်ဆေးဝါးတွေ မောင်တောမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်နေတယ်လို့ AA က ဆိုပါတယ်။

ရခိုင်ကျန်းမာရေးဦးစီးဌာနအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက ဒီလူနာတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးတွေ ပံ့ပိုးပေးကြဖို့ အရေးပေါ် တောင်းဆိုထားပါတယ်။

Photo-AA Info Desk

ဆက်စပ် သတင်းများ

Most read