Homeပြည်တွင်းသတင်းမုံရွာ ရဲတပ်ရင်း ၂၈ က ဒုရဲမှုး စလော့ဂိမ်းရှုံးလို့ နားထင် သေနတ်တေ့ကာ အဆုံးစီရင်

မုံရွာ ရဲတပ်ရင်း ၂၈ က ဒုရဲမှုး စလော့ဂိမ်းရှုံးလို့ နားထင် သေနတ်တေ့ကာ အဆုံးစီရင်

၄ မတ် ၂၀၂၆ ၊ New Day Myanmar 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ရဲတပ်ရင်း ၂၈ က ဒုရဲမှုးတစ်ဦးဟာ စလော့ဂိမ်းရှုံးလို့ နားထင် သေနတ်တေ့ပြီး အဆုံးစီရင်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နားထင်သေနတ်တေ့ပြီး သေဆုံးခဲ့သူဟာ မုံရွာအခြေစိုက် အမှတ်(၂၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(မုံရွာ)ကဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့အတူ ရွာတွေကို စစ်ကြောင်းထိုးခဲ့သူလည်း ဖြစ်တယ်လို့  ရဲသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

“၂ ရက်နေ့က ဖြစ်တာပါ။ ပစ်သတ်ခံရတာတော့ မဟုတ်ဘူး။ သူ့သေနတ်နဲ့ပဲ နားထင်တေ့ပြီး လုပ်သွားတာ။ အသီး(WY) လဲ မသေခင် တစ်ရက်အထိသုံးတယ်၊ ဖုန်းထဲမှာလည်း စလော့တွေကစားထားတာလို့ ယူဆရတဲ့ Kpay နဲ့ Wave pay စခရင်ရှော့ မှတ်တမ်းတွေတွေ့တယ်”လို့ သူက ပြောပါတယ်။

အဆုံးစီရင်သွားတဲ့ ဒုရဲမှူးဟာ အောင်နိုင်ဦးဆိုသူဖြစ်ပြီး မုံရွာမြို့ကို တာဝန်ကျလာတာ ၁နှစ်ကျော်ပဲရှိသေးပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဗိုလ်ကျမှုကို မကျေနပ်သူဖြစ်တယ်လို့ ကနဦးသိရပြီး စစ်ကောင်စီတပ်သားအချို့နဲ့လည်း မူးယစ်ဆေးဝါး အတူသုံးစွဲတဲ့ဖြစ်စဉ်မျိုးလဲ ရှိခဲ့ကြောင်း New Day Myanmar က စုံစမ်းသိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး