Homeပြည်တွင်းသတင်းမိုးမောက်မြို့က ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်

မိုးမောက်မြို့က ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်

၂၀ ဩဂုတ်၊ ၂၀၂၄

ကချင်ပြည်နယ် ၊ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်ရင်းကို ဩဂုတ်လ ၁၉ ရက် ညနေပိုင်းမှာ KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ခမရ ၄၃၇ တပ်ရင်းကို KIA က ဇူလိုင် ၂၄ ရက် ကတည်းက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက် ရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပါတယ်။

ခမရ ၄၃၇ တပ်ရင်းဟာ အင်အား ၇၀၀ ကျော်နဲ့တပ်စွဲထားတာ ဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ၃၀၀ ကျော်သေဆုံးခဲ့သလို ၄၀၀ နီးပါးအထိ ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ သိရပါတယ်။

KIA ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။

KIA ကတော့ လက်ရှိအချိန်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာ တင့်ကား ၁ စီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read