Homeပြည်တွင်းသတင်းမိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူအမျိုးသမီးတဦး အိမ်သာထဲမှာ မီးလောင်သေဆုံး

မိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူအမျိုးသမီးတဦး အိမ်သာထဲမှာ မီးလောင်သေဆုံး

၁၂ ဩဂုတ် ၂၀၂၅

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အစိုးရ သူနာပြုသင်တန်းကျောင်းမှာ အသက် ၂၀ အရွယ် သူနာပြုသင်တန်းသူအမျိုးသမီးတဦးဟာ အိမ်သာထဲမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး၊ ဒီဇယ်ပုံးနဲ့ အတူတွေ့ရှိခဲ့တာလို့ မြို့ခံအချို့က ပြောပါတယ်။

“သေဆုံးတာကတော့ ကိုယ်တိုင်ကြံစည်တယ်လို့ ယူဆရတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။”လို့ ဒေသခံ တဦးက ပြောပါတယ်။

မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရပြီး မီးအကြွင်းအကျန်ကတွေ ကျန်နေသေးတာကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနယ်​မြေရဲစခန်းက စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူ သင်တန်းသူဟာ ကရင်နီပြည်ကနေ လာရောက်သင်တန်းတက်နေသူလို့ သိရပြီး ရုပ်အလောင်းကို မိတ္ထီလာ ပြည်သူ့ဆေးရုံ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး