Homeပြည်တွင်းသတင်းမလေးရှားနိုင်ငံကို အလုပ်သွားရှာမယ့် တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၅ ဦးကို ထိုင်းရဲ ဖမ်းဆီး

မလေးရှားနိုင်ငံကို အလုပ်သွားရှာမယ့် တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၅ ဦးကို ထိုင်းရဲ ဖမ်းဆီး

၆ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံတောင်ပိုင်း ၊ Rattaphum ခရိုင်မှာ မလေးရှားနိုင်ငံမှာ အလုပ်သွားရှာမယ့် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦးကို ထိုင်းရဲတွေက စက်တင်ဘာ ၅ ရက် မနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး ဗျူရိုနဲ့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက တာပေါင်မြို့နယ် ခူးဟာတိုင် စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ် ကားတစ်စီးကို တွေ့လို့ တားပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကားထဲမှာ ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးဟာ မြန်မာနိုင်ငံအတွင်းက တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ အစောပိုင်းထဲက ဆုန်ခလာလူဝင်မှုကြီးကြပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးသူတွေဟာ မြန်မာတရားမဝင်ရွှေ့ပြောင်း နေထိုင်သူတွေ အနေနဲ့ တောင်ပိုင်းကတဆင့် မလေးရှားနိုင်ငံကို ခိုးဝင်နေတယ်လို့ သတင်းရရှိထားလို့ စစ်ဆေးကြတာပါ။

ကားမောင်းသူက အသက် ၅၅ နှစ်အရွယ် Somsak လို့ သိရပြီး သူက ဆူရတ်ဌာနီက ဟတ်ရိုင်နဲ့ နသဝီခရိုင် တွေကို ပို့ပေးဖို့ ငှားရမ်းခံရတာဖြစ်ပြီး တစ်ဦးကို ဘတ် ၈၀၀ နှုန်းနဲ့ လိုက်ပို့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ သူတို့ဟာ တာ့ခ်ခရိုင်ကနေ တရားမဝင်ဖြတ်ကျော်လာတာဖြစ်ပြီး မလေးရှားမှာ အလုပ်အကိုင်ရှာပေးမယ်ဆိုတဲ့ ကတိနဲ့ ပွဲစားကို တစ်ဦးကို ဘတ် ၈၀၄၀၀ နှုန်းနဲ့ ပေးဆောင်ထား ရတယ်လို့ ဝန်ခံသွားပါတယ်။

ကားမောင်းသူနဲ့ မြန်မာ ၁၅ ဦးကို Rattupum ရဲစခန်းကို ပို့ဆောင်ထားပြီး ကားကို သိမ်းဆည်းထားပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သတ်နေတဲ့ တခြားသူတွေကို ဖမ်းဆီးစစ်ဆေးဖို့ ဆက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

ပုံစာ – (မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦး သယ်ဆောင်လာတဲ့ ကားကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးနေစဉ်) Photo – Assawin Pakkawan ၊ ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read