Homeပြည်တွင်းသတင်းမန်တုံမြို့နယ်မှာ မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံး

မန်တုံမြို့နယ်မှာ မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံး

၁၈ ဇွန်၊ ၂၀၂၄

တအာင်းဒေသ၊ တပ်မဟာ (၃) စစ်ဒေသ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာမှာ ဇွန်လ ၁၇ ရက် နံနက် ၉ နာရီလောက်က မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သိရပါတယ်။

ယာအီဆေး ဆိုတဲ့ အမျိုးသမီးဟာ စစ်ကောင်စီ ၁၃၀ တပ်စခန်းဟောင်းအနီးမှာ ဟင်းသီးဟင်းရွက် ရှာဖွေစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ပေါက်ကွဲပြီး အနေအထားမှာပဲ သေဆုံးသွားပါတယ်။

တအာင်းဒေသ အတွင်း ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ မိုင်းအန္တရာယ်နဲ့ စစ်လက်နက်ကြွင်းကျန် အန္တရာယ်တွေ ဆက်လက်ရှိနေသေးတဲ့အတွက်ပြည်သူတွေကို တောတောင်ထဲ အလုပ်သွားတဲ့အခါမှာ ဖြစ်စေ၊ ဟင်းသီးဟင်းရွက်ရှာတဲ့အခါမှာ ဖြစ်စေ သတိထားဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA က တိုက်တွန်းလိုက်ပါတယ်။

အလားတူ ဇွန်လ ၁၁ ရက်နေ့မှာလည်း မန်တုံမြို့က စစ်ကောင်စီတပ်စခန်းဟောင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် မှိုသွားနေတဲ့ စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၈ ရက်နေ့မှာလည်း ကျောက်မဲမြို့နယ် ပန်လော့ရွာမှာ ထောင်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read