မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ သာသနာ့ဗိမာန်ကျောင်း ငလျင်လှုပ်ခတ်မှုကြောင့် အဆောက် အဦးပြိုကျမှုအတွင်း သံဃာတော် (၆)ပါး ကွယ်လွန်ပြီး သံဃာတော်(၅၅)ပါးကို အသက်ရှင်လျှက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။
ကျန်ရှိနေသေးတဲ့ ပိတ်မိနေသူတွေကိုလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- MFSD