Homeပြည်တွင်းသတင်းမန္တလေးမှာ ရပ်ကွက်အုပ်ရေးမှူးအမျိုးသမီးနဲ့ ညီမ ဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးမှာ ရပ်ကွက်အုပ်ရေးမှူးအမျိုးသမီးနဲ့ ညီမ ဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံရ

၆ သြဂုတ်၊ ၂၀၂၄

မန္တလေးမြို့အောင်မြေသာစံမြို့နယ်ရှိ ၁၈ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နဲ့ ညီမ ဖြစ်သူ ဒေါ်ခင်ဖုန်းဆုတို့ သေနတ်ပစ်ခံရခဲ့ပြီး သေဆုံးသွားပါတယ်။

ပစ်ခတ်မှုဟာ သြဂုတ်လ ၆ ရက် မနက် ၇ နာရီခွဲက ဖြစ်ခဲ့ပြီး၊ မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ညီမဖြစ်သူတို့ကို ကားမောင်းနေစဉ် အမည်မသိလက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အဆိုပါ အမျိုးသမီး ၂ယောက်လုံး နေရာမှပဲ သေဆုံးသွားပြီး ရုပ်အလောင်းတွေကိုလူမှုကူညီရေးအသင်တွေက ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read