Homeပြည်တွင်းသတင်းမန္တလေးမှာ ပြိုကျဖို့အန္တရာယ်ရှိတဲ့ အဆောက်အဦးထဲက ကျပ်သိန်း ၄၀၀၀ ကျော်ဖိုး ရွှေနဲ့ ငွေသားခိုးယူသူတွေကို ဖမ်းမိ

မန္တလေးမှာ ပြိုကျဖို့အန္တရာယ်ရှိတဲ့ အဆောက်အဦးထဲက ကျပ်သိန်း ၄၀၀၀ ကျော်ဖိုး ရွှေနဲ့ ငွေသားခိုးယူသူတွေကို ဖမ်းမိ

၃၀ ဧပြီ၊ ၂၀၂၅

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက် ၊လမ်း ၇၀ နဲ့ ၇၁လမ်းကြား ၊ ၃၂ဘီလမ်းကငလျင်ဒဏ်ကြောင့် ပြိုကျဖို့အန္တရာယ်ရှိတဲ့အဆောက်အဦရဲ့မြေညီထပ်အတွင်းက ငွေကျပ်သိန်း (၄၀၀၀)ကျော်တန်ဖိုးရှိတဲ့ ရွှေနှင့်ငွေများကို ခိုးယူသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီလ၂၉ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အိမ်ပိုင်ရှင်တွေဟာ ငလျင်ဘေးကြောက်တာကြောင့်မျက်နှာချင်း ဆိုင်လမ်းတစ်ဖက်က တိုက်ခန်းမြေညီထပ်မှာ သွား ရောက်အိပ်နေချိန် သူတို့ပိုင်ဆိုင်တဲ့ရွှေထည်တွေနဲ့ ကျပ်သိန်း ၂၀၀၀ ခန့်စုစုပေါင်းကျပ်သိန်း (၄၃၀၀)ကျော် ပျောက်ဆုံးနေတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီးနောက် ခိုးယူသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးမှုဖြစ်ပွားခဲ့တဲ့ တိုက်ခန်းနှင့်ကပ်လျက်ရှိ ဆောက်လက်စအဆောက်အဦးက အလုပ်သမားတစ်ဦး ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ခဲ့လို့ စုံစမ်းခဲ့ရာ အဲ့ဒီအလုပ်သမားကို သူနဲ့ အတူ ခိုးရာပါပစ္စည်း သိမ်းဆည်းပေးသူတွေကိုပါ တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာမှာဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read