၂၈ မေ၊၂၀၂၅
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၄ လမ်း x ၃၅ လမ်းကြားမှာရှီတဲ့ Cowboy Bar မေလ ၂၈ ရက် ဒီမနက် ၉ နာရီ ကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်း ၄ ခု ရှာတွေ့ခဲ့တယ်လို့ ကူညီကယ် ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မီးလောင်မှုသတင်းကို မနက် ၉ နာရီခွဲလောက်က သက်ဆိုင်ရာ မီးသတ်ဌာနနဲ့ အရပ်ဘက်အသင်းတွေက လက်ခံရရှိပြီးနောက် ၁၀ မိနစ်ကျော်အကြာမှာ သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်းနဲ့ မီးလောင်ရတဲ့ အကြောင်း အရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေမှာ အမျိုးသမီးတွေဖြစ်ကြောင်း မီးသက်တပ်ဖွဲ့မှ အတည်ပြုထားပြီး အမျိုးသမီးရုပ် အလောင်း ၄ လောင်းကိုမန္တလေးဆေးရုံကြီး ပို့ဆောင်ထားပြီး ရုပ်အလောင်းတွေကို စစ်ဆေးနေဆဲဖြစ်တာကြောင့် နာမည်နဲ့ အသက် အတည်ပြုချက်ကို မသိရသေးသလို မီးလောင်မှုအကြောင်းအရင်းအမှန်နဲ့ ပျက်စီးမှုတန်ဖိုး အသေးစိတ် ကို မြို့နယ်မီးသတ်က တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Cj