Homeပြည်တွင်းသတင်းမန္တလေးမြို့က ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ်ဓားမြတိုက်ခံရ

မန္တလေးမြို့က ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ်ဓားမြတိုက်ခံရ

၁ ဇွန်၊၂၀၂၄

မန္တလေးမြို့က ဆယ်သန်းရွှေဆိုင်ဟာ ပထမအကြိမ်ဓားမြတိုက်ခံရပြီး ၅လအကြာ မနေ့က မေ ၃၁ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ဓားမြတိုက်ခံရတယ်လို့ အဆိုပါရွှေဆိုင်က CCTV မှတ်တမ်းတွေနဲ့တစ်ကွ လူမှုကွန်ရက်မှာ ပြန်နှံ့လာမှုအရ သိရပါတယ်။

ရွှေဆိုင်ကိုဓားပြတိုက် ရာမှာအဖြူရောင် မတ်တူးကားအမျိုးအစားနဲ့ လက်နက်ကိုင် လူလေးဦးလာ တိုက်သွားတာ ဖြစ်ပြီး ရွှေထည်ပစ္စည်း ၄ ပိဿာခန့် ယူဆောင်သွားတာဖြစ်တယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။

အဆိုပါ ဆယ်သန်းရွှေဆိုင်ဟာ ယခင်ပထမအကြိမ်တိုက်ခံရစဉ်က လည်း ဆိုင်ကယ်နဲ့အမျိုးသားသုံး ဦးလာတိုက်တာဖြစ်ပြီး ရွှေ၂ပိသာကျော်ဓါးမြတိုက်ခံခဲ့ရပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ပထမအကြိမ်လာစဉ်ကတည်းက နောက်တခေါက်လာဦးမယ်လို့ ဓါးမြတိုက်သူတွေကကြိမ်းဝါးခဲ့ပြီး အခုလို ထပ်မံဓါးမြတိုက်ခံရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆယ်သန်းရွှေဆိုင်ဟာ မန္တလေးမြို့၈၄ လမ်းအနီးတည်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဓါးမြတိုက် ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read