၄ ဇန်နဝါရီ၊ ၂၀၂၄
မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ လွှတ်လပ်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
“အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန်နှင့် တိုင်းပြည်ကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပါရန် စစ်အာဏာရှင်အဖွဲ့အစည်းကို မိမိတို့ ဆက်လက်တောင်းဆိုပါသည်။” လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဇန်နဝါရီ ၄ တွင် ကျရောက်သော ၇၇ကြိမ်မြောက် မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများအပေါ်ထားရှိသည့် မိမိတို့၏ ကတိကဝတ်ကို အမေရိကန်ပြည်ထောင်စုကိုယ်စား ထပ်လောင်းအတည်ပြုအပ်ပါသည်။”လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံရဲ့ အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်လိုကြတဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို အစောဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး မိုကရေစီ၊ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနဲ့ လူ့အခွင့်အရေးတွေ ခံစားခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာမှာ မြန်မာပြည်သူတွေနဲ့ အတူ တသားတည်းရပ်တည်တယ်လို့ ဆိုပါတယ်။