၇ နိုဝင်ဘာ၊ ၂၀၂၄
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို နိုဝင်ဘာ ၆ ရက် မနက် ၂ နာရီ ဝန်းကျင်က စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးတွေနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ကြဲချခဲ့တဲ့တွက် ဘုရားရှိခိုးကျောင်း ၂ ခုနဲ့ လူနေအိမ် ၇လုံးထက် မနည်း ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
နိုဝင်ဘာလ ၆ ရက် မနက် ၂ နာရီ ၁၁ မိနစ်နဲ့ ၂ နာရီ ၁၇ မိနစ်အချိန်တွေမှာ စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချပြီး ဒုံးကျည်တွေ၊ ပွိုင့်ဖိုက်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီဝန်းကျင်ကလည်း စစ်ကောင်စီလေတပ်ဟာ မင်းတပ်မြို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့သေးတယ်လို့ မင်းတပ်ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်ကောင်စီက ၇၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၆ ရက်တွေမှာ ဗုံးအလုံး ၇၀ကျော် ကြဲချခဲ့တယ်လို့ CDF – Mindat က ထုတ်ပြန်ထားပါတယ်။
ပုံစာ – အောက်တိုဘာလအတွင်း မင်းတပ်မြို့လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးစဉ်(ပုံဟောင်း) Photo – HKL