Homeပြည်တွင်းသတင်းဘူးသီးတောင်၊ မောင်တော ဒေသရဲ့ အခြေအနေ စစ်ကောင်စီ က လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင် လက်နက်ကိုင်တွေကြောင့်လို့ AA ထုတ်ပြန်

ဘူးသီးတောင်၊ မောင်တော ဒေသရဲ့ အခြေအနေ စစ်ကောင်စီ က လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင် လက်နက်ကိုင်တွေကြောင့်လို့ AA ထုတ်ပြန်

၈ ဩဂုတ်၊၂၀၂၄

ဘူးသီးတောင်၊ မောင်တော ဒေသရဲ့ မြေပြင် အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ က လက်နက်တပ်ဆင်ပေး ထားတဲ့ မူဆလင် လက်နက်ကိုင်တွေကြောင့်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်လာပါတယ်။
ကြေညာချက်ပါ ဖော်ပြချက်အရ အဆိုပါဒေသတွေမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ က လက်နက်တပ်ဆင်ပေး ထားတဲ့ မူဆလင်လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေကြောင်းလို့ ဖော်ပြထားပါတယ်။

RSO ၊ ARSA ၊ ARA စသောအကြမ်းဖက် အဖွဲ့တွေ ၊စစ်ကောင်စီ သင်တန်း ဆင်းလက်နက်ကိုင်မွတ်စလင်တွေနဲ့ ရာဇဝတ်လူဆိုးဂိုဏ်းအချို့ရဲ့ အကြမ်းဖက်အန္တရာယ်ဟာ ယခုအချိန်မှာ ဘူးသီးတောင် ၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုတွေအပြင် ၎င်းဒေသနေ ဒေသခံ ပြည်သူတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နဲ့ အမျှ ခြမ်းခြောက်နေတယ်လို့ AAက ဆိုပါတယ်။

စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေက အကြမ်းဖက်မှုတွေ ကျူးလွန်လျက်ရှိရာ မူဆလင်မဟုတ်တဲ့ လူနည်းစု တွေဖြစ်တဲ့ ခမီ၊ မြို၊ ဟိန္ဒူ လူမျိုးတွေသာမက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်လိုကြတဲ့ မူဆလင်တွေပါ အကြမ်းဖက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ထိုမူဆလင်တွေကို အားပေးအားမြှောက်ပြုလုပ်နေပြီး ULA/AAနဲ့ အာရက္ခ ပြည်သူတစ်ရပ်လုံး ကို လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ထောင်ချောက်တွေထဲ သက်ဆင်းသွားစေဖို့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတယ်လို့လည်း AAက ဆိုထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တော တိုက်ပွဲတွေအတွင်း စခန်းစွန့်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေကို စစ်ကောင်စီက လက်သပ်မွေးထားတဲ့ မူဆလင်တွေ က စက်လှေတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ပို့ဆောင်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ စစ်အင်အား ပို့ဆောင်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) အနေနဲ့ အာရက္ခဒေသနေ ပြည်သူတစ်ရပ်လုံးရဲ့ စိတ် ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအ၀၀ကို အပြည့်အ၀ ကာကွယ်ပေးနိုင်ဖို့အတွက် ဒေသခံ ပြည်သူလူထု တွေနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ လုံခြုံရေးဆိုင်ရာ ကာကွယ်မှုတွေ တုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Photo- AA Info Desk

ဆက်စပ် သတင်းများ

Most read