Homeပြည်တွင်းသတင်းဘူးသီးတောင်မြို့နယ် ဂန္ဓာရီစစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင် ၇ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

ဘူးသီးတောင်မြို့နယ် ဂန္ဓာရီစစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင် ၇ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

၂၂ ဇူလိုင်၊၂၀၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂန္ဓာရီစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခခုနစ်ဦးကို စစ်ကောင်စီက တပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခ တပ်တော် (AA) က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခခုနစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တောထဲကို မျှစ်သွားရှာစဉ် စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ မွတ်စလင် လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ခမီလူမျိုးတွေဖြစ်ပြီး သူတို့ဟာ တောထဲကို မျှစ်ချိုးသွားကြစဉ် တစ်ရက်ကြာသည်အထိ ပြန်မရောက်လာတဲ့အပေါ် ဒေသခံတွေ သတင်းပေးလာတာကြောင့် AA တပ်ဖွဲ့ဝင် တွေနဲ့ ဒေသခံတွေ လိုက် လံ ရှာဖွေခဲ့ရာမှာ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးမှာ လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာ တွေနဲ့ သတ်ဖြတ်ခံထားရတဲ့ ဦးဦးလှထွန်း၊ ဦးကျော်လှ နဲ့ ဦးမောင်ထွန်းတို (၃) ဦးရဲ့ ရုပ်အလောင်းတွေ ကို ဇူလိုင်လ (၁၉) ရက်နေ့မှာ တွေရှိခဲ့တယ်ဆိုပါတယ်။

ဆက်လက်ပြီး အခြားသော (၄) ယောက် ဖြစ်ကြတဲ့ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နဲ့ ဦးကြာထွန်းဦး ရုပ်အလောင်းတွေကို ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီး တောင်မြိုနယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် (AA) ကတော့ ကျူးလွန်သူတွေကို ရှာဖွေဖော်ထုတ် အရေးယူမှာဖြစ်သလို စစ်ကောင်စီ တပ်နဲ့ သူတို့ သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို သင့်တော်တဲ့ တုံ့ပြန်မှုတွေလုပ်မယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဘူးသီးတောင်မြို့နယ်ကို မေလ ၁၈ရက်နေ့မှာ AA က သိမ်းပိုက်ထားတာဖြစ်ပြီး တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့နယ်က နေအိမ်အများပြား မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo- AA InfoDesk

ဆက်စပ် သတင်းများ

Most read