Homeပြည်တွင်းသတင်းဘုတလင်မြို့နယ်အတွင်းက ထနောင်းကုန်းကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ကျန်းမာရေးဝန်ထမ်းအပါအဝင် ၆ ဦး သေဆုံး

ဘုတလင်မြို့နယ်အတွင်းက ထနောင်းကုန်းကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ကျန်းမာရေးဝန်ထမ်းအပါအဝင် ၆ ဦး သေဆုံး

၁၁ ဇူလိုင်၊၂၀၂၄

မုံရွာမြို့၊ ဘုတလင်မြို့နယ် မုံရွာ-ရေဦးကားလမ်းဘေးက PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒဏ်ရာရသူတွေရှိခဲ့ပြီး အဲဒီဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ထနောင်းကုန်းကျေး ရွာ ဆေးပေးခန်းလည်း ထပ်ပြီး ဗုံးကြဲခံရတာကြောင့် သေဆုံးသူ ၆ယောက်ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဆေးခန်းမှာ ဆေးကုသမှုခံယူနေတဲ့ ဒဏ်ရာရဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ ယောက်ပါတယ် မြေပြင်သတင်းတွေအရ သိရပါတယ်။

“ ကျွန်တော်တို့ကြားတာတော့ ကျန်းမာရေးဝန်ထမ်း ဆရာမတစ်ယောက်သေဆုံးတဲ့အထဲ ပါတယ်လို့ကြားတယ် သူတို့နေရာက နမခ နဲ့လည်းသိပ်မဝေးဘူးဆိုတော့ အဲဒီအထဲကနေပဲ ပစ်တာလို့ ထင်တယ် လမ်းမှာလည်းဒီကောင်တွေ ခြေရှုတ်နေတယ်” လို့ အလုံမြို့နယ်နေ ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဇူလိုင် ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဘုတလင်မြို့နယ်နဲ့ မုံရွာမြို့နယ်အစပ် ဘုတလင်မြို့နယ်ထဲက တောင်ရက်ရှည်ရွာထဲက စာသင်ကျောင်းနဲ့ ကွမ်းယာဆိုင်နားကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် လူတစ် ယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းထားတဲ့ သုံးနှစ်ကာလအတွင်းမှာ ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read