Homeပြည်တွင်းသတင်းဘားအံတွင် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်ကို စုတ်ဖြဲတယ်ဆိုပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တဦးအပါ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ခံရ

ဘားအံတွင် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်ကို စုတ်ဖြဲတယ်ဆိုပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တဦးအပါ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ခံရ

နိုဝင်ဘာ ၂၀၂၅

ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်ကို စုတ်ဖြဲတယ်ဆိုပြီး အသက် ၁၅ နှစ်အရွယ် လူငယ်တဦးအပါ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

အခု နိုဝင်ဘာလ ၂ ရက် ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းဘေးမှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီက ဘားအံမြို့နယ်၊ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစောမြင့်ဦးရဲ့ ဓာတ်ပုံနဲ့စာသားပါ ဗီနိုင်းဆိုင်းဘုတ်ကို စုတ်ဖြဲခဲ့တဲ့ အ သက် ၁၅ နှစ်အရွယ် ဖြိုးမင်းသန့်၊ အသက် ၃၁ နှစ်အရွယ် ထွန်းထွန်းဝင်းတို့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးမှုများ တားဆီးရေးဥပဒေပုဒ်မ ၂၄ (က)အရ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် အောက်တိုဘာလ ၃၁ ရက်နေ့ ကရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရခိုင် (မြောက်)ကျေးရွာနေ သိန်းဆွေဦးနဲ့ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ၂ ဦးတို့ဟာ မဲပေးခွင့်ရှိသူတွေ မကျန်ရှိစေဖို့ ကျေးရွာထဲကို လာရောက်တဲ့ ရွာအလယ်လမ်းမှာ အသက် ၄၆ နှစ်အရွယ် ကိုကျော်သီဟန်က လမ်းပိတ်တားဆီးပြီး ကော်မရှင်အဖွဲ့ ၂ ဦးနဲ့လိုက်ပါတဲ့ သိန်းဆွေဦးကို လက်သီးနဲ့ ထိုးတာကြောင့် ရွေးကောက်ပွဲ တားဆီးရေး ဥပဒေ ပုဒ်မ ၂၄ (က)အရ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။

အလားတူဘဲ အောက်တိုဘာလ ၂၄ ရက်နေ့က ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထော်ကနွတ်ကျေးရွာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ စစ်တပ်က စစ်ဆေးရေးလုပ်ဆောင်နေစဉ်မှာဝါးခယ်မမြို့ အောင်လှိုင်ကြီးကျေးရွာနေ အသက် ၄၇ နှစ်အရွယ် မျိုးမင်းဆွေ (ခ) မင်းမင်းရဲ့ လက်ကိုင်ဖုန်းအတွင်းက PDF တပ်ဖွဲ့ဝင် မောင်ကံ(ခ) ဖိုးကံထံကို မက်ဆင်ဂျာက‌နေတစ်ဆင့် ဆက်သွယ်ပြီး ရွေးကောက် ပွဲကို နှောင့်ယှက်ဖျက်ဆီးရမယ်လို့ ရေး သားပေးပို့ထားတာကို စစ်ဆေးတွေ့ရှိရတာကြောင့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့် တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါအပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမျိုးသားတဦး၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က အမျိုးသမီးတဦးနဲ့ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ကအမျိုးသမီးငယ်တဦးတို့ကိုလည်း စစ်တပ်ဝါဒဖြန့် ဇာတ်လမ်းဖြစ်တဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများကို ဇာတ်လမ်းကို ဝေဖန်တာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး