Homeပြည်တွင်းသတင်းဘယ်သူမှ ဝယ်မှာ မဟုတ်တဲ့ ခြံအမှတ် (၅၄) ကို တတိယအကြိမ်လေလံတင်ရောင်းဦးမယ်

ဘယ်သူမှ ဝယ်မှာ မဟုတ်တဲ့ ခြံအမှတ် (၅၄) ကို တတိယအကြိမ်လေလံတင်ရောင်းဦးမယ်

၁၈ ဇန်နဝါရီ ၊ ၂၀၂၅

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကိုလာမည့် ဖေဖော်ဝါရီလ ၆ ရက်မှာ လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဆိုပါ ခြံအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချပေမယ့် ၀ယ်ယူမယ့်သူမရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်က ဈေးထပ်မံလျှော့ချပြီး လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးကိုတင်ပြခဲ့တယ်လို့ သိရပါတယ်။

ကမာရွတ်ခရိုင်တရားရုံးအနေနဲ့ ဦးအောင်းဆန်းဦးတင်ပြချက်ကို လက်ခံခဲ့ပြီး ဈေးလျှော့လေလံတင်ရန် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။

ပထမအကြိမ် လေလံပွဲမှာ လေလံပစ် ဝယ်ယူမည့်သူမရှိတာကြောင့် အရင်ကြမ်းခင်းဈေး ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ (သိန်းပေါင်း ၃ သန်းတိတိ) နဲ့ လေလံပစ်ဖို့ တရားရုံးက ခွင့်ပြုခဲ့ပြီး အဲ့ဒီဈေးနဲ့ဒုတိယအကြိမ်မြောက် လေလံတင်ရာမှာလည်း ဝယ်ယူသူမရှိပါဘူး။

ဒီလို ၀ယ်ယူမယ့် သူမရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်က ဈေးလျှော့ပြီး အကြိမ်ကြိမ်ရောင်းချဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အခု တတိယအကြိမ် လေလံတင်ကြမ်းခင်းဈေးကို ၂၉၇ ဘီလီယံ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read