ဘန်ကောက်မြို့ ဆန္ဒပြပွဲအနီးမှာ ထိုင်းရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ် သား ၇ ဦးဟာ အဲ့ဒီနေ့ ဇွန်၂၈ရက် ညပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ဖို့ ထိုင်းလူထုက ဇွန်၂၈ ရက် က ဘန်ကောက်မြို့ အနုစာဝါရီကျောက်တိုင်ကြီးနားမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေပြုလုပ်နေချိန်မှာ အနုစာဝါရီကျောက်တိုင်ကြီးနားမှာ ကပ်လာတဲ့ ပစ်ကပ်ကား တစ်စီးပေါ်က မြန်မာရွှေ့ ပြောင်းလုပ်သား ၇ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က မသင်္ကာဖြစ်ပြီး ဒင်းဒန်နယ်မြေရဲစခန်းကို ခေါိသွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရတာပါ။
အဲဒီမြန်မာလုပ်သားတွေဟာဘန်ကောက်မြို့၊ လက်ဖရောင်းအရပ်မှာ ပစ္စည်းသွားယူဖို့ အနုစာဝါရီ ကျောက်တိုင်အဝိုင်းကို ဖြတ်ဖို့ ကားနဲ့လာခဲ့ကြတာလို့ ရဲကို ပြောပေမယ့် ထိုင်းရဲတပ်ဖွဲ့က မသင်္ကာလို့ ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့တာလို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အပေါ်
ကိုးကားပြီး BBC သတင်းက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ပြည်တွင်းအရေး ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ မပါဝင်ဖို့နဲ့ မြန်မာအလုပ်သမားတွေ သတိ ထားသွားလာကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ကြိုတင်သတိပေးထားတာတွေရှိပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်တို့ ဖုန်းပြောဆိုမှုအသံဖိုင်တစ်စိတ်တစ်ပိုင်း ပေါက်ကြားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ မြို့တော် ဘန်ကောက်မှာဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ- BBC


