Homeပြည်တွင်းသတင်းဘန်ကောက်က စာရင်းစစ်ရုံးပြိုကျမှုမှာ အီတာလျံ-ထိုင်း ဥက္ကဋ္ဌ ပရမ်ချိုင်းနဲ့အပေါင်းအပါရဲ့ အာမခံလျောက်ထားမှု တရားရုံးပယ်ချ

ဘန်ကောက်က စာရင်းစစ်ရုံးပြိုကျမှုမှာ အီတာလျံ-ထိုင်း ဥက္ကဋ္ဌ ပရမ်ချိုင်းနဲ့အပေါင်းအပါရဲ့ အာမခံလျောက်ထားမှု တရားရုံးပယ်ချ

၁၇ မေ၊ ၂၀၂၅

ဘန်ကောက်မှာ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှု ကြောင့် ပြိုကျခဲ့ရတဲ့ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးကိုတည်ဆောက်ခဲ့တဲ့ အီတာလျံ-ထိုင်း ဥက္ကဋ္ဌ ပရမ်ချိုင်းနှင့်အပေါင်းအပါများကို တရားရုံးက အာမခံမပေးခဲ့ဘူးလို့ သိရပါတယ်။

တရားရုံးအနေနဲ့ စာရင်းစစ်ရုံးပြိုကျမှုနဲ့ ပတ်သက်ပြီး အီတာလျံ-ထိုင်း ဥက္ကဋ္ဌ ပရမ်ချိုင်းအပါအဝင် တာဝန်ရှိသူ ၁၇ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ရမ်ချိုင်းအပါအဝင် ၁၅ ဦးဟာ မေလ ၁၆ ရက်က ထိုင်းရဲတပ်ဖွဲ့ဆီကို အဖမ်းခံပြီး အာမခံရဖို့ လျှောက်ထားခဲ့တာကို တရားရုံးက ပယ်ချခဲ့တာလို့ သိရပါတယ်။

လတ်တလောအခြေအနေမှာ အဖမ်းခံထားရတဲ့ ပရမ်ချိုင်းအပါအဝင် ၁၅ဦးရဲ့ အာမခံလျှောက်ထားမှုကို ပယ်ချခဲ့တာကြောင့် ဘန်ကောက် ရီမန်အကျဉ်း ထောင် ( Remand Prison)မှာ ပြောင်းရွှေ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စာရင်းစစ်ရုံးပြိုကျမှုနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီဟာ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ လာရောက် လုပ်ကိုင်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read