Homeပြည်တွင်းသတင်းဖြူးမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ဆားဂွန်းစခန်းဝင်ရောက်တိုက်ခိုက်ခံရ

ဖြူးမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ဆားဂွန်းစခန်းဝင်ရောက်တိုက်ခိုက်ခံရ

၁၁ ဇန်နဝါရီ ၂၀၂၅

​ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က ဆားဂွန်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ စစ်ကော်မရှင်တပ်စခန်းကို ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့မနက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေပြီး စစ်ကော်မရှင်တပ်ဘက်ကလည်း ဖြူးချောင်းတံတားပေါ်ကနေ စစ်ကူအင်အားအမြောက်အမြားနဲ့ ခုခံခဲ့တယ် ဆိုပါတယ်။

အဲဒီ​တိုက်ပွဲဖြစ်ပွားရာ ဆားဂွန်းကျေးရွာဟာ ဇေယျဝတီအမြန်လမ်းအတက်အနီးမှာရှိပြီး တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းရှိဒေသခံပြည်သူတွေမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ယာယီပိတ်ထားခဲ့ရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး