Homeပြည်တွင်းသတင်းဖိလစ်ပိုင်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေး

ဖိလစ်ပိုင်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေး

၂၄ ဇူလိုင်၊ ၂၀၂၄

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဇူလိုင်လ(၂၃)ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ “Challenges and Prospects of Justice, Democracy and Peace in Myanmar” ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ပြီး Landscape Human Rights in Myanmar and Challenges in Asia ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းဖို့ ကြိုးစားတဲ့ ၂၀၂၁ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုပြီး ဆိုးရွားလာတဲ့အခြေအနေနဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက်နေမှုများ ၊ လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် အရပ်သားသေဆုံးဒဏ်ရာရမှုတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုတွေကို တင်ပြခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံတကာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေဟာ နိုင်ငံတကာစစ်ရာဇဝတ်မှုမြောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်လို့ တင်ပြဆွေးနွေးနေကြောင်းကို ဝန်ကြီးက ထည့်သွင်းပြောကြားပါတယ်။

အာဆီယံ အနေနဲ့ မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံ သဘော တူညီချက် (၅)ရပ် လိုက်နာမှုမရှိတဲ့အကြောင်းကို သတိပြုပြီး ဘုံသဘောတူညီချက်(၅)ချက်ထက် ပိုထိရောက်တဲ့ ဖြေရှင်းနည်းတွေ ဆောင်ရွက်သင့်ကြောင်းနဲ့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပြုနေတာကို ခွင့်မပြုသင့်ကြောင်း ၊ မြန်မာနိုင်ငံအရေးဟာ အာဆီယံမှာ အရေးပါတဲ့ ဒေသတွင်း စီးပွားရေး လူမှုရေး တည်ငြိမ်မှုတွေနဲ့ သက်ဆိုင်နေတဲ့အတွက် အာဆီယံအနေနဲ့မြန်မာ့အရေးကို အထူးအလေးပေးပြီး ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အာဆီယံမှာ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့အခါ မြန်မာ့အရေးကိုပိုမိုထိရောက်စွာ ဆောင်ရွက်ပေးပြီး Trioka စနစ်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားရန်နဲ့ ဖိလစ်ပိုင် နိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာတရား ဥပဒေခုံရုံးစနစ် (Universal Jurisdiction) ကို အားပေးထောက်ခံရန် စတဲ့အချက်တွေကို တက်ရောက်လာတဲ့ ဖိလစ်ပိုင်အဖွဲ့အစည်းတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read