Homeပြည်တွင်းသတင်းဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၇၇ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၇၇ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

၂၀ နိုဝင်ဘာ၊ ၂၀၂၄

ဖာပွန်နယ်မြေက တိုက်ပွဲတွေမှာ နိုဝင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၇၇ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင် (မူတြော်ခရိုင်) က နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာပါတယ်။

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား နိုဝင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖာပွန်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် စုစုပေါင်း ၇၇ ဦးသေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်တွေဘက်က ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၃၀ ရက်က သိမ်းယူလိုက်လိုက်ပြီးနောက်မှာ ဖာပွန်ဒေသတွင်း တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဖာပွန်ခရိုင်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၉ ဦးသေဆုံးပြီး ၃ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read